သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် တိုက်ပွဲများ ပြင်းထန်နေ၍ ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ

AB News – နိုဝင်ဘာ ၁၉ ၊ ၂၀၂၅
ဂျူလိုင်

ရခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တို့၏ လတ်တလော ပြင်းထန်တိုက်ပွဲများကြောင့် ဒေသခံအရပ်သားပြည်သူ ၂၀၀၀ ကျော် စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ဘေးသင့်ပြည်သူများအရေး ပါဝင်ကူညီလုပ်ကိုင်ပေးနေသော Triple – T အဖွဲ့၏ စစ်တမ်းများအရ ယခုတိုက်ပွဲများကြောင့် ရွာပေါင်း ၁၇ ရွာမှ ဒေသခံပြည်သူ ၂၀၈၄ ဦးတို့မှာ စစ်ဘေးရှောင်နေရပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်လျှက်ရှိကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

စစ်ပွဲအန္တရယ်ဇုန်အတွင်းတွင် ကျရောက်နေနိုင်ခြေရှိသော ကျေးရွာများမှ ဒေသခံများကို Triple – T အဖွဲ့မှ ပူးပေါင်းပြီး ယာယီလုံခြုံမည့်နေရာများသို့ပြောင်းရွှေပေးထားကြောင်း သိရသည်။

“ပုံမုန်ဆိုရင်တောင် အရမ်းနွမ်းပါးကြတဲ့ ဒီဒေသခံတွေဟာ အခုလို့ရွှေ့ပြောင်းရပြီးနောက်ပိုင်းမှာ လိုအပ်ချက်တွေ အရမ်းများပါတယ်” ဟု Triple – T အဖွဲ့၏ လူမှုကွန်ယက်စာမျာနှာတွင် ဖော်ပြထားသည်။

ထို့ပြင် အရေးပေါ်ပြောင်းရွှေ့ပေးခြင်းများအပြင် အစားအသောက်နှင့် တခြားအရေးပေါ်လိုအပ်ချက်များကို ၁ ပတ်စာ၊ ၂ ပတ်စာ လောက်သာကူညီပေးနိုင်သည့် အခြေနေခန့်သာ ကျန်ရှိပြီဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသကို ဝိုင်းရံပေးကြရန် ပြောဆိုထားသည်။

ကျောက်ဖြူဒေသသည် စစ်ဘေးသင့်ပြည်သူများနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံပေးမှုမရှိသည့်အပြင် ဒေသတွင်း လူမှုအဖွဲ့အစည်းများ၏ အကူအညီရရှိမှုများမှာလည်း နည်းပါးကြောင်း သိရသည်။

တဖက်တွင်လည်း အကြမ်းဖက်စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်မှ တောင်ငူကျေးရွာ၊ ကျောက် ကလေကျေးရွာ၊ လိပ်တင်ကျေးရွာ၊ မင်းရပ်ကျေးရွာနှင့် သံချောင်းကျေးရွာတို့ကို့ ဒရုန်း၊ ဂျက်ဖိုက်တာ စသည့် လေကြောင်းဖြင့်သော်လည်းကောင်း၊ ပင်လယ်ပြင်ရှိ နေဗီများမှ သော်လည်းကောင်း ၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာအသုံးပြု၍ ဗုံကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦး သေဆုံးခဲ့ရသည်။

ထို့ကြောင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကို အထူးဂရုပြုကြရန် အာရက္ခတပ်တော်က အသိပေး ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ