Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ကူးတို့သည် ၁ ဦး ထပ်မံ ဖမ်းဆီးခံရ

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်မှ ကူးတို့သည် ၁ ဦးကို အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်သားများက ယမန်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ ငလပွေ့ ရပ်ကွက်မှ အဖ ဦးစံချေ၏သား အသက် ၅၆ နှစ်အရွယ် ကူး့သည် ဦးမောင်လှခင်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင် ကူးတို့သည်များအား တွေ့ရစဥ်/Tun Thar

အရပ်ဝတ်ဝတ်ထားသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသည် အိမ်စီးကားအဖြူ ၁ စီးဖြင့် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၂ နာရီတွင် ငလပွေ့ရပ်ကွက်ထဲ ဝင်လာပြီး ဦးမောင်လှခင်ကို ဖမ်းဆီးသွားခဲ့ကြောင်း ရပ်ကွက်သား တစ်ဦးက AB News သို့ပြောသည်။

“အားလုံး ၅ ယောက်ပါ၊ သေနတ်တွေပါတယ်။ အရပ်ဝတ် ဝတ်ထားကြပါတယ်။ အိမ်စီးကား အဖြူ ၁ စီးနှင့်ရောက်လာကြတယ်။ ဦးမောင်လှခင် ဖမ်းသွားကြပါတယ်” ဟု ဆိုသည်။  

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်းအား ကျောက်ဖြူမြို့ ခလရ ( ၃၄) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုကား တိတိကျကျမသိရှိရသေးပေ။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင်လည်း  ခလရ (၃၄ )တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသည်  ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်မှ ကူးတို့သည် ဦးညီစေ့ကေနှင့် ဦးမောင်ပိန် တို့အား ဖမ်းဆီးသွားခဲ့ကြပြီး ၎င်းတို့အား ပြန်လည် လွှတ်ပေးခြင်းမရှိသေးပေ။

အလားတူ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာမှ LGBT (လိင်ခံယူမှုစိတ်ကွဲပြားသူ) မောင်နှမ ၂ဦးကို အာရက္ခတပ်တော်(AA) အား ရိက္ခာပို့သည်ဟု စွပ်စွဲချက်ဖြင့် ဧပြီလ ၁၉ ရက်နေ့ကလည်း  စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်ရှိ အပြစ်မဲ့ဒေသခံပြည်သူများကို နေ့စဥ်ရက်ဆက်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

ကျောက်ဖြူမြို့မှ မြို့နေ ပြည်သူအများစုမှာ ပင်လယ်၊ မြစ်၊ ချောင်းများတွင် ရေလုပ်ငန်း လုပ်ကိုင် စားသောက်ကြသူများ ဖြစ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီက  ပင်လယ်၊ ချောင်း၊ မြစ်များတွင် ငါးဖမ်းခြင်း စသည့် ရေလုပ်ငန်းများကို မလုပ်ရန် တားမြစ်ထားသောကြောင့် စားဝတ်နေရေး အခက်တွေ့နေကြရကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။