သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ၊ မြေးအဘွား ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

AB News- သြဂုတ် ၁၊ ၂၀၂၅
ဒေဝီ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မြေးအဘွား ၂ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က ကန့်ဘလူမြို့နယ်ရှိ သာစည်ကျေးရွာကို တံတားဦးလေတပ်က တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာက ဗုံးကြဲချခဲ့သဖြင့် မြေးအဘွားဖြစ်သည့် အသက် ၆၃ နှစ်အရွယ် ဒေါ်အိမ်ရွှေနှင့် အသက် ၄ နှစ်အရွယ် မဆောင်းဝတီချိုတို့ သေဆုံးခဲ့ရပြီး စစ်ဘေးရှောင် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သာစည်ရွာရှိ နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးသွားပြီး ဒဏ်ရာရသူများအနက်လည်း ဦးမောင်သိုက်မှာ စိုးရိမ်ရကြောင်း သိရသည်။

သာစည်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်ရှိပြီး ယင်းကဲ့သို့ စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

သာစည်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအပေါ် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ