သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သင်္ကြန်အကြိုနေ့တွင် မင်းတပ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့

AB News – ဧပြီ ၁၄၊ ၂၀၂၅

ယမန်နေ့ ဧပြီလ ၁၃ရက်၊ သင်္ကြန်အကြိုနေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း မင်းတပ်မြို့မ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းနှင့် လူနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့မ နှစ်ခြင်းအသင်းတော်ဘုရားကျောင်း အနီးပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မြို့ခံများက ဆိုကြသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲ မစတင်မီအချိန်မှ မြို့မခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး လက်ရှိတွင် မြို့အတွင်း ဝင်ရောက်နေထိုင်သူများလည်း ရှိကြောင်း သိရှိရသည်။

ငလျင်ဘေးအန္တရာယ်ကြောင့် စစ်ကောင်စီသည် အပစ်ရပ်ကြေညာထားသော်လည်း ယမန်နေ့တွင် ရက္ခိုင်ပြည်မှ ကျောက်တော်မြို့နှင့် စစ်ကိုင်းတိုင်းမှ ကောလင်းမြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ