သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားကန့်တွင် စစ်ကားနောက် ကပ်လိုက်သော ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦး မိုင်းစထိမှန်သေဆုံး


AB News – နိုဝင်ဘာ ၉ ၊ ၂၀၂၅
ဆိုဖီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကားတစ်စီး မိုင်းထိမိရာ ကားနောက် ကပ်၍ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာ ၉ ရက်နေ့၊ နံနက် ၁၁ နာရီခန့်အချိန်တွင် ဖားကန့်မြို့၊ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ် မှော်စီစာအောက်ဘုန်းကြီးကျောင်းအနီးတွင် စစ်ကော်မရှင်တပ်သားများစီးပါလာသည့် ကား ၁ စီး မိုင်းထိမှန်ပြီး ကားနောက်ကပ်လိုက်ပါလာသည့် ဆိုင်ကယ်စီး အမျိုးသမီးတစ်ဦး ပါ သေဆုံးသွားကြောင့် ဒေသခံ တစ်ဦးက ပြောသည်။

“စစ်ကော်မရှင်တပ်ကား မိုင်းထိမှန်တာနဲ့ အဲ့ကားနောက်က ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ အရွယ် မိန်းကလေး တစ်ယောက်ပါ ပွဲချင်းပြီး သေသွားတယ်” ဟု မျက်မြင်ဒေသခံများက ပြောသည်။

ထို့နောက် ဖားကန့်မြို့နယ်ရှိ ယူမာကျေးရွာ ဘုန်းကြီးကျောင်းအပေါ် တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျောင်းအဆောက်အအုံများ ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းရှိ သံဃာတော်များနှင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက် ညပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ယူမာဘုန်းကြီးကျောင်းအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ကလည်း ဖားကန့်မြို့၊ လုံးခင်းရွာကို စစ်ကော်မရှင်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

၃ လကျော်အတွင်း ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်ကော်မရှင်မှ တိုက်ခိုက်သောကြောင့် အရပ်သား ၈၅ ဦး သေဆုံးပြီး ၂၆၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ