သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့ဘဇားခရိုင် ၁ ခု လုံးတွင် BNP မဲနိုင်ဟု သိရ၊ အစိုးရသစ်ဖွဲ့နိုင်ရန် အလားအလာကောင်းနေ

AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်များအရ နယ်စပ်နှင့် ထိစပ်နေသည့် ကော့ဘဇား (Cox’s Bazar) ခရိုင်ရှိ မဲဆန္ဒနယ် ၄ ခုစလုံးတွင် BNP ပါတီ က အပြတ်အသတ် အနိုင်ရရှိသွားကြောင်း ကနဦး သိရှိရသည်။

အထူးသဖြင့် မောင်တောမြို့နှင့် တိုက်ရိုက်ထိစပ်နေသည့် ဥခီယာ-တက္ကနက် မဲဆန္ဒနယ်တွင်လည်း BNP ပါတီမှ Shah Jahan Chowdhury က အပြတ်အသတ် အနိုင်ရရှိသွားကြောင်း ဒေသခံများက AB News သို့ အတည်ပြု ပြောကြားထားသည်။

ယင်းအပြင် ဂျာမတ် (Jamaat-e-Islami) ပါတီ၏ ဗဟိုဥက္ကဋ္ဌသည် ၎င်း၏ ကိုယ်ပိုင်နယ်မြေ၌ပင် ရှုံးနိမ့်သွားခဲ့ရာ ယခုနိုင်ပွဲသည် နယ်စပ်ဒေသတွင် BNP အတွက် အင်အားအကြီးဆုံး ဖြစ်လာစေခဲ့သည်။

ဒေသခံတစ်ဦးက “အဆိုးဆုံးကတော့ ဂျာမတ်ပါတီရဲ့ ဗဟိုဥက္ကဋ္ဌဟာ သူ့ရဲ့ ကိုယ်ပိုင်နယ်မြေမှာတင် မဲရှုံးသွားတာကြောင့် ပါတီထောက်ခံသူတွေကြားထဲမှာတော့ တော်တော်လေး ဂယက်ရိုက်နေပါတယ်” ဟု ဆိုသည်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာအရ တာရစ် ရာမန် (Tarique Rahman) ဦးဆောင်သည့် BNP ပါတီသည် အခြားဒေသများတွင်လည်း မဲအသာစီး ရနေသဖြင့် အစိုးရသစ် ဖွဲ့စည်းနိုင်မည့် အလားအလာ အလွန်ကောင်းမွန်နေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ယခုကဲ့သို့ BNP က အနိုင်ရရှိပြီး အစိုးရဖွဲ့လာနိုင်ခြင်းသည် အိမ်နီးချင်းဒေသများနှင့် နယ်စပ်ကုန်သွယ်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များတွင် ယခင်ထက် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ ရှိလာနိုင်ဖွယ်ရှိသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အခြားသော မဲဆန္ဒနယ်အချို့၏ ရလဒ်များကိုမူ လက်ရှိအချိန်အထိ ဆက်လက်ရေတွက်နေဆဲဖြစ်ပြီး ဒေသတွင်း နိုင်ငံရေးအခြေအနေများကို ပြည်သူများက စိတ်ဝင်တစားဖြင့် ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

AB_News #BangladeshElection #BNP #ShahJahanChowdhury #Maungdaw #Teknaf #Ukhia #CoxsBazar #BorderTrade #ElectionUpdate2026

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ