သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CDF – Asho တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်၊ ပဇီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ အထိနာ

AB News – မေ ၁၊ ၂၀၂၅

ငဖဲမြို့နယ်၊ ပဇီကျေးရွာအနီး လုံခြုံရေးယူရန် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) မှ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အထိနာကြောင်း ထုတ်ပြန်ထားသည်။

ပဇီကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် ကပစ – ၁၃ မှ တပ်သားများသည် ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်း မကျစေရန်အတွက် ကားလမ်းလုံခြုံရေး ဆောင်ရွက်ရန် ရောက်လာစဥ် CDF – Asho မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ ဦး ပွဲချင်းပြီး အများအပြားဒဏ်ရာရကာ MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်များ နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း CDF – Asho မှ ဆိုသည်။

ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းတွင် တပ်မ ၉၉၊ ကပစ ၂/ ၁၀/ ၁၃/ ၁၄ များမှ အင်အား ၁၃၀ ခန့် တပ်စွဲထားပြီး လူနေအိမ်များမှ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများကို ထုတ်ယူရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ