
AB News – ဇူလိုင် ၁၂ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဇီးကိုင်းရွာဟောင်းကျေးရွာရှိ ငါး၊ ပုစွန်ဒိုင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့၊ ည ၈ နာရီခန့်တွင် ဇီးကိုင်းရွာဟောင်းကျေးရွာမှ ဦးနေထက်လင်း ပိုင်ဆိုင်သော ငါး၊ ပုစွန်ဒိုင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပေါ့ဆမှုကြောင့် မီးလောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“မနေ့ညက မီးလောင်မှုဖြစ်သွားတာ။ ဘယ်လိုလောင်သွားမှန်းမသိဘူး။ ရွာသားတွေ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ခဲ့ကြတယ်” ဟု ဆိုသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ငါး၊ ပုစွန်ဒိုင်ပိုင်ရှင် ဦးနေထက်လင်းသည် ဇီးကိုင်းကျေးရွာမှ ဦးမောင်သန်းချေနှင့် ဒေါ်မအေးတို့၏ သားဖြစ်ကြောင်း သိရသည်။
ရွာသူရွာသားများ၏ ဝိုင်းဝန်း မီးသတ်မှုကြောင့် ည ၈ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးဌာနနှင့် DLEPS ဌာနတို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။