သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလတ်ဝတွင် လွတ်ငြိမ်းခွင့်ရ စစ်သုံးပန်းများနှင့် အရပ်ဖက်အကျဥ်းသားများကို HDCO က ရိက္ခာဆန် ထောက်ပံ့

AB News – မတ် ၅၊ ၂၀၂၆

ပလတ်ဝဒေသအတွင်း အာရက္ခတပ်တော်(AA)မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည် စစ်သုံးပန်းများ၊ စစ်သုံးပန်းမိသားစုဝင်များနှင့် အရပ်ဖက်အကျဥ်းသားများကို HDCO က ရိက္ခာဆန် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်(AA) မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးသည့် စစ်/ရဲ သုံးပန်းများ၊ သုံးပန်းမိသားစုဝင်များနှင့် အရပ်ဘက်အကျဥ်းသားများအပါဝင် အကျဉ်းသား ၃၀ ခန့်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ရိက္ခာဆန် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးလိုက်သည့် အကျဥ်းသားများကို လူတစ်ဦးလျှင် နို့ဆီဗူး ၆၀ ဗူးနှုန်းဖြင့် တစ်လစာ ရိက္ခာဆန် ကူညီထောက်ပံပေးအပ်ခဲ့ကြောင်း HDCO မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် ကျရောက်သော အာရက္ခတပ်တော်(AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ၄၅ နှစ်ပြည့် မွေးနေ့တွင် လူသားချင်းစာနာထောက်ထားမှုကို အလေးထားပြီး အာရက္ခတပ်တော်(AA) မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

လူသားချင်းစာနာမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ရသူများတွင် စစ်သုံးပန်းအမျိုးသား ၁၆ ယောက်၊ ရဲသုံးပန်းအမျိုးသား ၁ ယောက်၊ စစ်/ ရဲ သုံးပန်းမိသားစုဝင် အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၄ ယောက်၊ အရပ်ဘက် အမျိုးသား ၅ ယောက်နှင့် အမျိုးသမီး ၃ ယောက် စုစုပေါင်း ၃၀ ဦးပါဝင်ကြောင်း သိရသည်။

ArakanBayNews #AB_News #ULA_AA #Released #30Prisoners #Supported #Rice #Humanitarian #Paletwa

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ