သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝါဆိုလပြည့်နေ့တွင် မိုးကုတ်မြို့ ဗုံးကြဲခံရ၊ ကလေးငယ်များအပါအဝင် ၅ ဦးသေဆုံး

AB News – ဇူလိုင် ၁၀၊ ၂၀၂၅
​ချန်ဒြာ

မန္တလေးတိုင်း၊ TNLA ထိန်းချုပ်နယ်မြေဖြစ်သော မိုးကုတ်မြို့ကို ဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်​နေ့၊ ဇူလိုင် ၉ ရက်၊ ည ၈ နာရီကျော်တွင် စစ်ကောင်စီသည် မိုးကုတ်မြို့၏ အရှေ့ဘက်ခြမ်းကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး မောင့်မိုးကုတ်ဟိုတယ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် နောင်ချိုမြို့၌ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ