သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် နှစ်ရက်အတွင်း လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး
ကျောက်ဖြူမြိုနယ် ဦးကင်းကျေးရွာအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲသောကြောင့် မီးလောင်နေသည်ကို တွေ့ရစဥ်/

AB News-မတ်လ ၈၊ ၂၀၂၅

ရက္ခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မတ်လ ၆၊ ၇ ရက်အတွင်း လူနေအိမ် ၂၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားကြောင်း AB News က စုံစမ်းသိရှိရသည်။

မီးလောင်ပျက်စီးသွားခဲ့သည့် အိမ်များသည် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာမှ ၁၄၀ ဆောင်၊ ကြတ္တိန် အောက်ကျေးရွာမှ ၃၅ ဆောင်ခန့်နှင့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာမှ ၃၅ ဆောင်ခန့် ဖြစ်သည်။

၎င်းမြို့နယ်များက ကျေးရွာများကို စစ်ကောင်စီတပ်က မတ်လ ၆၊ ၇ ရက်နေ့တွင် ဂျက်ဖိုက်တာများ၊ စစ်သုံးဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျေးရွာများက အပြစ်မဲ့ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့သဖြင့် ထိခိုက် သေဆုံးမှုများ မရှိကြောင်း သိရသည်။

အာရက္ခတပ်တော်က စစ်တွေနှင့် ကျောက်ဖြူတို့ကို ထိုးစစ်ဆင်လာမှုကြောင့် စစ်ကောင်စီတပ်သည် ၎င်းမြို့အနီးအနားတွင်ရှိသည့် ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဥ် ပြုလုပ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု အန္တရာယ် များကို အထူးသတိပြု နေထိုင်ကြရန် အာရက္ခတပ်တော်က တိုက်တွန်းနှိုးဆော်မှုများလည်းလုပ်ဆောင်ထားသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ