
AB News – အောက်တိုဘာ ၃၁ ၊ ၂၀၂၅
ဆိုဖီ
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင်က ယနေ့ မွန်းလွဲအချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦး သိရှိရသည်။
ယနေ့ အောက်တိုဘာ ၃၁ ရက်၊ မွန်းတည့် ၁၁ နာရီ ၄၀ မိနစ် ခန့်တွင် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ပုဏ္ဏားကျွန်းမြို့ကို ထပ်မံ ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
”ဒီနေ့ မွန်းလွဲ ၁၁နာရီ၊ ၄၀မိနစ်လောက်မှာ စစ်ကော်မရှင်က လေကြောင်းက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ၊ ၅၅၀ တပ်ရင်းအနီးရှိ မြို့ပေါ်ရပ်ကွက်နဲ့ ပန်းနီလာရွာထိပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူများ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်တွင်လည်း ပုဏ္ဍားကျွန်းမြို့ကို စစ်ကော်မရှင်မှ ဂျက်တိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ခုရက်ပိုင်းအတွင်း စစ်ကော်မရှင်သည် အာရက္ခတပ်တော် ထိန်းချုပ်ထားသော နယ်မြေများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာသောကြောင်း ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိပြုရန် အာရက္ခတပ်တော် တိုက်တွန်းထုတ်ပြန်ထားသည်။